Web, Chrome နှင့် Windows 10 တို့အတွက် Polarr Photo Editor 3 အသစ်ထွက်ရှိ


ကွန်ပျူတာထဲမှာ install လုပ်စရာမလိုဘဲ web browser ကနေ တခါတည်း ဓာတ်ပုံတွေပြင်နိုင် ကာလာချိန်နိုင်တဲ့ အကောင်းဆုံး web application တစ်ခုဖြစ်တဲ့ Polarr ဟာ version 3 ထွက်ရှိလာပြန်ပါပြီ။ ပြီးခဲ့သည့် ဖေဖော်ဝါရီလမှာ version 2 ထုတ်လုပ်ခဲ့ပြီး June လရောက်မှာတော့ Apple ရဲ့ iOS store ပေါ်မှာ popular အဖြစ်ဆုံး photo editing app အဖြစ်ရပ်တည်ခဲ့ပါတယ်။ အခုနောက်ဆုံး version ကိုတော့ Chrome နှင့် Windows 10 Desktop တွေပေါ်မှာပါ အသုံးပြုနိုင်အောင် ချဲ့ထွင်ဖန်တီးထားပါတယ်။
ကြိုတင်စီမံထားသည့် ဓာတ်ပုံအထူးပြုလုပ်ချက် (preset filters) ပေါင်း ၅၀ ကျော်အပြင် ဓာတ်ပုံများစွာကိုတစ်ခါတည်း ပြုပြင်နိုင်ခြင်း၊ မြူနှင်းဖယ်ရှားမှု့ ပြုလုပ်နိုင်ခြင်း (dehaze tools)၊ ပုံများကို လိုသလို ဓာတ်ပုံအရွယ်အစားလိုက် ဖြတ်တောက်ယူနိုင်ခြင်း၊ အတိမ်းအစောင်းပြုလုပ်နိုင်ခြင်း၊ keyboard shortcuts နှင့် ရေစာထည့်သွင်းနိုင်ခြင်း၊ ပိုမိုတိုးတက်လာသည့်  noise ဖယ်ရှားမှု့စနစ် နှင့် Vignetting စသည့် စိတ်ဝင်စားဖွယ်ရာ function ပေါင်းများစွာပါဝင်ပါတယ်။

ဒီ application ဟာ Windows ရဲ့ RAM ပေါ်မှာ 5MB သာနေရာယူပြီး Adobe ရဲ့ Lightroom ကတော့ 2GB အထိနေရာယူတာကိုတွေ့ရပါတယ်။

Windows store ပေါ်မှာ $15 ဖြင့်ရောင်းချပြီး Web Application, iOS App နှင့် Chrome App တွေကတော့ free အနေဖြင့် အသုံးပြုနိုင်နေပါသေးတယ်။

Comments

Popular posts from this blog

ဓာတ်ပုံရိုက်သူအချင်းချင်းပဲ နားလည်နိုင်မည့် ဒုက္ခများ

iPhone 6s ရဲ့ 4K video quality