Posts

Showing posts from October, 2015

သတို့သမီးတို့အတွက် ဒ်ါလာ ၅၀၀ တန် Selfie Stick

Image
မင်္ဂလာပွဲမှာ သတို့သမီးအသုံးပြုနိုင်တဲ့ ဈေးကြီးတဲ့ selfie stick ပါ။ မိမိရဲ့ မင်္ဂလာပွဲမှာ အများသူငါငေးရအောင် style ကျကျလေး ရှိုးထုတ်ဖို့အတွက်လည်း အထူးသင့်တော်ပါတယ်။ Selfie stick fashion ကို video ရဲ့ 13.39 မှာကြည့်နိုင်ပါတယ်။ New York မှ နာမည်ကြီး fashion ပစ္စည်းတွေထုတ်လုပ်တဲ့ company တစ်ခုဖြစ်တဲ့ Reem Acra မှထုတ်လုပ်ပြီး stick ပေါ်မှာ နာမည်ကြီး Swarvoski crystals များဖြင့် စီခြယ်ပြုလုပ်ထားပါတယ်။ Selfie stick အပြင် အခြားတွဲဖက်အသုံးပြုနိုင်တဲ့ headphone ကိုပါထုတ်လုပ်ထားပါတယ်။

BlackBerry ရဲ့ပထမဆုံး Android Phone - PRIV

Image
ယူကေမှာနေထိုင်သူတွေအတွက်  BlackBerry ရဲ့ Android Phone အသစ်ဖြစ်တဲ့ Priv ကို စတင်ပြီး preorder လုပ်လို့ရနေပါပြီ။ အသစ်ထွက်ရှိလာတဲ့ဖုန်းမှာ Keyboard အနေနဲ့ အရင်ဖုန်းတွေလောက် လူကြိုက်မများလှဘူးလို့ခန့်မှန်းရပါတယ်။ BlackBerry ရဲ့ CEO ဖြစ်သူတောင်မှ သုံးရတာနည်းနည်းခက်ခဲ တာတွေ့ရပါတယ်။ Smartphone ရဲ့ features တွေကတော့  5.4-inch QHD display Snapdragon 808 chip 3410 mAh battery 3 GB of RAM 3 GB of expandable storage အခြား powerful ဖြစ်တဲ့ competitor တွေဖြစ်တဲ့ Samsung Galaxy S6, OnePlus 2 နှင့် Sony Xperial Z2  တို့နှင့် ယှဉ်လျင်ဘယ်သူက ပိုပြီးအားသာတယ်ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

Social media တွင် အချိုးကျကျ ဓာတ်ပုံများကိုဖန်တီးနိုင်မည့် Pablo

Image
Facebook, Twitter နှင့် Pinterest မှာတင်မည့် အဆင်သင့်ဓာတ်ပုံ အရွယ်အစားကို အတိအကျဖန်တီးရယူနိုင်မည့် Pablo Web App ကို Buffer မှထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။ ကျွန်တော်တို့တွေ နေ့စဉ်နှင့်အမျှဓာတ်ပုံတွေကို social media တွေမှာတင်နေကြပါတယ်။ ဒါပေမဲ့ သူ့ဓာတ်ပုံဆိုဒ်အတိုင်းမတင်ရင် ဓာတ်ပုံတွေဟာ သိပ်ပြီးကြည့်ရတာအဆင်ပြေမှာမဟုတ်ပါဘူး။ ဥပမာ .. Pinterest and Google မှာတင်မယ်ဆိုရင် ဒေါင်လိုက်ပုံတွေဟာ ပိုပြီးအဆင်ပြေပြီး ကြည့်ကောင်းပါတယ်။ အဲလိုပဲ ဒေါင်လိုက်ပုံတွေကို Twitter and Facebook မှာတင်မယ်ဆိုရင် ကြည့်ကောင်းမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ Twitter and Facebook မှာ horizontal ပုံတွေကို ပိုပြီးဦးစားပေးလို့ပဲဖြစ်ပါတယ်။ နောက်ပြီး instagram ဆိုရင် square size ပဲလက်ခံတာပါ။ ဒါပေမဲ့အခုတော့ square အပြင် အခြား size တွေကိုပါတင်နိုင်အောင် update လုပ်လိုက်ပါပြီ။ မိမိတင်ချင်တဲ့ပုံကို Pablo မှာ upload လုပ်ပြီး စာရေးသား ဒါမှမဟုတ် logo ထပ်ထည့်ပြီး social media campaign တွေအတွက် အသုံးဝင်မည့် ပုံတွေဖန်တီးပြုလုပ်ပြီး download ပြုလုပ်နိုင်သလို social media တွေကိုလည်း တခါတည်း share နိုင်အောင်ပြုလုပ်ပေးထ

Web, Chrome နှင့် Windows 10 တို့အတွက် Polarr Photo Editor 3 အသစ်ထွက်ရှိ

Image
ကွန်ပျူတာထဲမှာ install လုပ်စရာမလိုဘဲ web browser ကနေ တခါတည်း ဓာတ်ပုံတွေပြင်နိုင် ကာလာချိန်နိုင်တဲ့ အကောင်းဆုံး web application တစ်ခုဖြစ်တဲ့ Polarr ဟာ version 3 ထွက်ရှိလာပြန်ပါပြီ။ ပြီးခဲ့သည့် ဖေဖော်ဝါရီလမှာ version 2 ထုတ်လုပ်ခဲ့ပြီး June လရောက်မှာတော့ Apple ရဲ့ iOS store ပေါ်မှာ popular အဖြစ်ဆုံး photo editing app အဖြစ်ရပ်တည်ခဲ့ပါတယ်။ အခုနောက်ဆုံး version ကိုတော့ Chrome နှင့် Windows 10 Desktop တွေပေါ်မှာပါ အသုံးပြုနိုင်အောင် ချဲ့ထွင်ဖန်တီးထားပါတယ်။ ကြိုတင်စီမံထားသည့် ဓာတ်ပုံအထူးပြုလုပ်ချက် (preset filters) ပေါင်း ၅၀ ကျော်အပြင် ဓာတ်ပုံများစွာကိုတစ်ခါတည်း ပြုပြင်နိုင်ခြင်း၊ မြူနှင်းဖယ်ရှားမှု့ ပြုလုပ်နိုင်ခြင်း (dehaze tools)၊ ပုံများကို လိုသလို ဓာတ်ပုံအရွယ်အစားလိုက် ဖြတ်တောက်ယူနိုင်ခြင်း၊ အတိမ်းအစောင်းပြုလုပ်နိုင်ခြင်း၊ keyboard shortcuts နှင့် ရေစာထည့်သွင်းနိုင်ခြင်း၊ ပိုမိုတိုးတက်လာသည့်  noise ဖယ်ရှားမှု့စနစ် နှင့် Vignetting စသည့် စိတ်ဝင်စားဖွယ်ရာ function ပေါင်းများစွာပါဝင်ပါတယ်။ ဒီ application ဟာ Windows ရဲ့ RAM ပေါ်မှာ 5MB သာနေရာယူပြီး Adobe ရဲ့ Lightroom ကတော့ 2GB အထိနေရ

Lexar မှ 128GB ပမာဏသိမ်းဆည်းနိုင်သော SDHC Memory Card

Image
ယခုခေတ် megapixel များပြားလှသော ကင်မရာများအတွက် Lexar, Sandisk စသည့် company များမှလည်း ဓာတ်ပုံပမာဏမြောက်များစွာ သိမ်းဆည်းထားနိုင်သော memory card များကို ထုတ်လုပ်ပေးနေပါတယ်။ ယခု card ကတော့ 4K, 3D နှင့် Full HD video များ သိမ်းဆည်းအသုံးပြုနိုင်ဖို့အတွက် အဓိကရည်ရွယ်ပြီး ထုတ်လုပ်တာဖြစ်ပါတယ်။ သိမ်းဆည်းထားနိုင်မည့် speed ကတော့ 300MB/second (reads) နှင့် 260MB/second (writes) တို့ပဲဖြစ်ပါတယ်။ အပိုပစ္စည်းအနေဖြင့် card reader ကိုပါထည့်သွင်းရောင်းချပေးသွားမှာဖြစ်ပါတယ်။ ဈေးကတော့ $289.99 ဝန်းကျင်ဖြစ်ပြီး အခြား 32GB, 64GB version တို့ကိုလည်း ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

Sony RX1R II ထွက်ပြီ

Image
42.4mp နှင့် low-pass filter on/off ပြုလုပ်နိုင်သော Sony ရဲ့ ဒုတိယမြောက် Compact Size Full Frame Camera - ISO ကို 100-25600 (expandable to 50-102400) ထိ မြှင့်တင်ပေးနိုင်ပါတယ်။ ဒီအတိုင်းဆိုရင် fill flash လိုချိန်ကလွဲလို့ ကျန်တဲ့အချိန်တွေမှာ flash သုံးဖို့တောင်လိုမယ်မထင်တော့ဘူး။ အရင် version ထက် 3.5 ဆ ပိုပြီးမြန်ဆန်စွာ အလုပ်လုပ်ဆောင်နိုင်တယ်လို့ သိရပါတယ်။   35mm f/2 Zeiss Sonnar T* lens ပါဝင်ပြီး camera body နှင့် တွဲလျက်ပြီးသားဖြစ်သည့်အတွက် lens ပြောင်းလဲမှုပြုလုပ်လို့မရနိုင်ပါ။ f/2 lens ဖြစ်တာကြောင့် အလင်းနည်းတဲ့ အချိန်အခါမျိုးတွေမှာ ကောင်းကောင်းရိုက်ကူးနိုင်ပါတယ်။ Lens မှာ macro ရိုက်ဖို့အတွက် shift ring ပါဝင်ပြီး 14cm အထိ subject နှင့် အနီးကပ်ရိုက်နိုင်ပါတယ်။ Flash sync speed ကိုတော့ 1/2000s အထိမြှင့်တင်ပေးထားပါတယ်။  ကင်မရာရဲ့ဘယ်ဘက်ထိပ်နားမှာ 2.4 million dot XGA OLDED electronic viewfinder ပါဝင်ပြီး အဖွင့်အပိတ်ကိုလည်း အလွယ်တကူပြုလုပ်နိုင်အောင် စီစဉ်ပေးထားပါတယ်။ အရင် model တုန်းကတော့ viewfinder မပါဝင်ပါဘူး။ ကင်မရာကျောဘက် screen ရဲ့ ဆိုဒ်ကတော့ 3 လက်မရှိပြီး resolutio

Wildlife Photography 2015 အကောင်းဆုံးဆုရ ဓာတ်ပုံများ

Image
London’s Natural History Museum မှ ယခုနှစ်အတွက် အကောင်းဆုံးဆုရဓာတ်ပုံများကို ထုတ်ပြန်လိုက်ပါတယ်။ ပုံတွေကတော့ အရင်နှစ်တွေကအတိုင်း စိတ်ဝင်စားဖွယ်ရာချည်းပါပဲ။ ဒီနှစ်မှာတော့ နိုင်ငံပေါင်း ၉၆ နိုင်ငံမှ ပြိုင်ပွဲဝင်ပုံပေါင်း ၄၂ဝဝဝ ထဲကနေ အကောင်းဆုံးပုံတွေကို ရွေးခြယ်ပြီး ဆုပေးတာဖြစ်ပါတယ်။ Tale of two foxes by Don Gutoski The winner of the Amphibians and Reptiles by Edwin Giesbers The art of algae by Pere Soler A whale of a mouthful by Michael AW Flight of the scarlet ibis by Jonathan Jagot Urban category winner - Richard Peters အခြားသော ဆုရသူတွေနဲ့ runners up ပုံတွေကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ လန်ဒန်မှာနေတဲ့သူတွေအတွက် အောက်တိုဘာ ၁၆ ရက်ကနေ့စပြီး ကိုယ်တိုင် သွားရောက်ကြည့်ရှူ့နိုင်မှာဖြစ်ပါတယ်။

iPhone 6s ရဲ့ 4K video quality

Image
iPhone 6s ရဲ့ 4K video ကတော့ အံ့မခန်းပါပဲ။ မိသားစုအပျော်ခရီးထွက် ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ အပျော်ခရီးထွက်တာပဲဖြစ်ဖြစ် အဲလိုခရီးတွေမှာ video camera တွေကို ထားခဲ့လို့ရတဲ့အဆင့်မှာရောက်နေပါပြီ။ အောက်က video ကိုကြည့်ပြီး မိတ်ဆွေကိုယ်တိုင်ပဲ ဆုံးဖြတ်ကြည့်ပါတော့။