Social media တွင် အချိုးကျကျ ဓာတ်ပုံများကိုဖန်တီးနိုင်မည့် Pablo

Facebook, Twitter နှင့် Pinterest မှာတင်မည့် အဆင်သင့်ဓာတ်ပုံ အရွယ်အစားကို အတိအကျဖန်တီးရယူနိုင်မည့် Pablo Web App ကို Buffer မှထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။



ကျွန်တော်တို့တွေ နေ့စဉ်နှင့်အမျှဓာတ်ပုံတွေကို social media တွေမှာတင်နေကြပါတယ်။ ဒါပေမဲ့ သူ့ဓာတ်ပုံဆိုဒ်အတိုင်းမတင်ရင် ဓာတ်ပုံတွေဟာ သိပ်ပြီးကြည့်ရတာအဆင်ပြေမှာမဟုတ်ပါဘူး။ ဥပမာ .. Pinterest and Google မှာတင်မယ်ဆိုရင် ဒေါင်လိုက်ပုံတွေဟာ ပိုပြီးအဆင်ပြေပြီး ကြည့်ကောင်းပါတယ်။ အဲလိုပဲ ဒေါင်လိုက်ပုံတွေကို Twitter and Facebook မှာတင်မယ်ဆိုရင် ကြည့်ကောင်းမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ Twitter and Facebook မှာ horizontal ပုံတွေကို ပိုပြီးဦးစားပေးလို့ပဲဖြစ်ပါတယ်။ နောက်ပြီး instagram ဆိုရင် square size ပဲလက်ခံတာပါ။ ဒါပေမဲ့အခုတော့ square အပြင် အခြား size တွေကိုပါတင်နိုင်အောင် update လုပ်လိုက်ပါပြီ။



မိမိတင်ချင်တဲ့ပုံကို Pablo မှာ upload လုပ်ပြီး စာရေးသား ဒါမှမဟုတ် logo ထပ်ထည့်ပြီး social media campaign တွေအတွက် အသုံးဝင်မည့် ပုံတွေဖန်တီးပြုလုပ်ပြီး download ပြုလုပ်နိုင်သလို social media တွေကိုလည်း တခါတည်း share နိုင်အောင်ပြုလုပ်ပေးထားပါတယ်။ Chrome browser မှာလည်း extension တစ်ခုအနေနဲ့ထည့်ထားပြီးတော့လည်း အသုံးပြုနိုင်ပါသေးတယ်။

Comments

Popular posts from this blog

Web, Chrome နှင့် Windows 10 တို့အတွက် Polarr Photo Editor 3 အသစ်ထွက်ရှိ

ဓာတ်ပုံရိုက်သူအချင်းချင်းပဲ နားလည်နိုင်မည့် ဒုက္ခများ

iPhone 6s ရဲ့ 4K video quality