Sony RX1R II ထွက်ပြီ

42.4mp နှင့် low-pass filter on/off ပြုလုပ်နိုင်သော Sony ရဲ့ ဒုတိယမြောက် Compact Size Full Frame Camera - ISO ကို 100-25600 (expandable to 50-102400) ထိ မြှင့်တင်ပေးနိုင်ပါတယ်။ ဒီအတိုင်းဆိုရင် fill flash လိုချိန်ကလွဲလို့ ကျန်တဲ့အချိန်တွေမှာ flash သုံးဖို့တောင်လိုမယ်မထင်တော့ဘူး။ အရင် version ထက် 3.5 ဆ ပိုပြီးမြန်ဆန်စွာ အလုပ်လုပ်ဆောင်နိုင်တယ်လို့ သိရပါတယ်။

 

35mm f/2 Zeiss Sonnar T* lens ပါဝင်ပြီး camera body နှင့် တွဲလျက်ပြီးသားဖြစ်သည့်အတွက် lens ပြောင်းလဲမှုပြုလုပ်လို့မရနိုင်ပါ။ f/2 lens ဖြစ်တာကြောင့် အလင်းနည်းတဲ့ အချိန်အခါမျိုးတွေမှာ ကောင်းကောင်းရိုက်ကူးနိုင်ပါတယ်။ Lens မှာ macro ရိုက်ဖို့အတွက် shift ring ပါဝင်ပြီး 14cm အထိ subject နှင့် အနီးကပ်ရိုက်နိုင်ပါတယ်။ Flash sync speed ကိုတော့ 1/2000s အထိမြှင့်တင်ပေးထားပါတယ်။ 


ကင်မရာရဲ့ဘယ်ဘက်ထိပ်နားမှာ 2.4 million dot XGA OLDED electronic viewfinder ပါဝင်ပြီး အဖွင့်အပိတ်ကိုလည်း အလွယ်တကူပြုလုပ်နိုင်အောင် စီစဉ်ပေးထားပါတယ်။ အရင် model တုန်းကတော့ viewfinder မပါဝင်ပါဘူး။ ကင်မရာကျောဘက် screen ရဲ့ ဆိုဒ်ကတော့ 3 လက်မရှိပြီး resolution အားဖြင့် 1.2 million dot ရှိပါတယ်။ screen ကို အပေါ်ဘက် 109 degrees၊ အောက်ဘက်ကို 41 degrees ရွှေ့နိုင်ပါတယ်။ Low view angle, high view angle shot တွေအတွက် အင်မတန်အသုံးဝင်ပါတယ်။ 

Full HD video ကို 60/30/24fps တို့ဖြင့် ရိုက်ကူးနိုင်ပြီး Wi-Fi/NFC လည်း ပါဝင်တဲ့အတွက် ကင်မရာကို smartphone, tablet တို့နဲ့လည်း ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။






ကင်မရာဟာ အရွယ်အစားအားဖြင့် သေးငယ်ပေမဲ့ ပါဝင်တဲ့ စွမ်းအောင်ရည် ဓာတ်ပုံအရည်အသွေးကြောင့် ဈေးနှုန်းကတော့ မသေးလှပါဘူး။ လာမည့်နိုဝင်ဘာလလောက်မှာ စတင်ရောင်းချမှာဖြစ်ပြီး ဈေးအားဖြင့် $3,300 ဝန်းကျင်ရှိမှာဖြစ်ပါတယ်။

Comments

Popular posts from this blog

Web, Chrome နှင့် Windows 10 တို့အတွက် Polarr Photo Editor 3 အသစ်ထွက်ရှိ

ဓာတ်ပုံရိုက်သူအချင်းချင်းပဲ နားလည်နိုင်မည့် ဒုက္ခများ

iPhone 6s ရဲ့ 4K video quality