ဓာတ်ပုံရိုက်သူအချင်းချင်းပဲ နားလည်နိုင်မည့် ဒုက္ခများ

Hong Kong မှာရှိတဲ့ DigitalRev ကင်မရာဆိုင်ကနေ ဟာသသဘောပြုလုပ်ထားတဲ့ ဓာတ်ပုံရိုက်သူအချင်းချင်းပဲ နားလည်နိုင်မည့် ဒုက္ခအထွေထွေကို အောက်က video မှာကြည့်ရှူ့ခံစားကြည့်ပါ။ ဒါပေမဲ့ ဓာတ်ပုံကို DSLR သို့မဟုတ် mirrorless camera တွေနဲ့ တစ်နှစ်လောက်အနည်းဆုံးရိုက်ဖူးမှ ပိုပြီးနားလည်မယ်ထင်ပါတယ် (ကျွန်တော့်အမြင်သက်သက်)

  1. အလုပ်ရဲ့ကျွန် - အပြင်မှာ ဓာတ်ပုံရိုက်ဖို့ ရာသီဥတုကောင်းချိန် ရုံးထဲမှာ အလုပ်များနှင့် ပိတ်မိနေ
  2. ကင်မရာပေါင်း များစွာ ဒါပေမဲ့ ပိုက်ဆံမလောက် - ကင်မရာအသစ်လိုချင်နေတယ် ဒါပေမဲ့ အဲဒါအတွက် သုံးမည့်ပိုက်ဆံက holiday တစ်ခုကောင်းကောင်းသွားလို့ရတယ်ဆိုတာ သဘောပေါက်နေ
  3. ရွေးခြယ်စရာတွေများနေ - ပိုက်ဆံရှိပြီး ဝယ်မယ်ဆိုတော့လည်း ရွေးခြယ်စရာပစ္စည်းတွေကများနေ
  4. အားကျတယ် နောက် စိတ်ဓာတ်ပါကျ - သူများရိုက်ထားတဲ့ ဆုရတဲ့ပုံတွေကြည့်ပြီး အားကျမှုဖြစ် ဒါပေမဲ့ တစ်ဆက်တည်းမှာပဲ ငါ အဲလောက်ဖြစ်လာမှာမဟုတ်ဘဲ ဘာလို့ ဆက်ရိုက်နေတာလဲဆိုတဲ့ သိမ်ငယ်မှုဖြစ်
  5. အကောင်းဆုံး ကင်မရာဆိုတာ သင် အိမ်မှာကျန်ခဲ့တဲ့ ကင်မရာ - အပြင်ကို ဓာတ်ပုံထွက်ရိုက်တဲ့အခါ ပါသွားတဲ့ ကင်မရာကို ကောင်းကောင်းအသုံးမပြုဘဲ အိမ်မှာကျန်ခဲ့တဲ့ဟာကို တမ်းတနေမြဲ
  6. သုံးသပ်လို့ မပြီးနိုင် - magazine, ပိုစတာတွေကြည့်ပြီး ဓာတ်ပုံတွေကို ဘယ် Lighting ဘယ် ကင်မရာနဲ့ရိုက်တယ်ဆိုတာ သုံးသပ်ဝေဖန်လို့မပြီးနိုင်
  7. ခရီးသွားတာထက် ကင်မရာပိုပြီး ဦးစားပေး - ခရီးသွားတော့ မယ်ဆိုရင် ကျန်တဲ့ပစ္စည်းထည့်ရတာထက် ကင်မရာပစ္စည်းထည့်ရတာ ပိုပြီးအချိန်ကုန်
  8. တစ်ခါရိုက်ပြီး ဘယ်တော့မှပြီးနိုင် - ကင်မရာနဲ့ရိုက်တယ်ဆိုပေမယ့်လည်း online တင်ဖို့အတွက် smartphone နဲ့ ထပ်မံပြီး ရိုက်ရပြန်
မိတ်ဆွေ ... သင့်အတွက်ရော ဘယ်အချက်တွေက မှန်နေသလဲဆိုတာ share လုပ်ခဲ့ဦး :)

Comments

Popular posts from this blog

Web, Chrome နှင့် Windows 10 တို့အတွက် Polarr Photo Editor 3 အသစ်ထွက်ရှိ

iPhone 6s ရဲ့ 4K video quality