Posts

ဓာတ်ပုံရိုက်သူအချင်းချင်းပဲ နားလည်နိုင်မည့် ဒုက္ခများ

Image
Hong Kong မှာရှိတဲ့ DigitalRev ကင်မရာဆိုင်ကနေ ဟာသသဘောပြုလုပ်ထားတဲ့ ဓာတ်ပုံရိုက်သူအချင်းချင်းပဲ နားလည်နိုင်မည့် ဒုက္ခအထွေထွေကို အောက်က video မှာကြည့်ရှူ့ခံစားကြည့်ပါ။ ဒါပေမဲ့ ဓာတ်ပုံကို DSLR သို့မဟုတ် mirrorless camera တွေနဲ့ တစ်နှစ်လောက်အနည်းဆုံးရိုက်ဖူးမှ ပိုပြီးနားလည်မယ်ထင်ပါတယ် (ကျွန်တော့်အမြင်သက်သက်) အလုပ်ရဲ့ကျွန် - အပြင်မှာ ဓာတ်ပုံရိုက်ဖို့ ရာသီဥတုကောင်းချိန် ရုံးထဲမှာ အလုပ်များနှင့် ပိတ်မိနေ ကင်မရာပေါင်း များစွာ ဒါပေမဲ့ ပိုက်ဆံမလောက် - ကင်မရာအသစ်လိုချင်နေတယ် ဒါပေမဲ့ အဲဒါအတွက် သုံးမည့်ပိုက်ဆံက holiday တစ်ခုကောင်းကောင်းသွားလို့ရတယ်ဆိုတာ သဘောပေါက်နေ ရွေးခြယ်စရာတွေများနေ - ပိုက်ဆံရှိပြီး ဝယ်မယ်ဆိုတော့လည်း ရွေးခြယ်စရာပစ္စည်းတွေကများနေ အားကျတယ် နောက် စိတ်ဓာတ်ပါကျ - သူများရိုက်ထားတဲ့ ဆုရတဲ့ပုံတွေကြည့်ပြီး အားကျမှုဖြစ် ဒါပေမဲ့ တစ်ဆက်တည်းမှာပဲ ငါ အဲလောက်ဖြစ်လာမှာမဟုတ်ဘဲ ဘာလို့ ဆက်ရိုက်နေတာလဲဆိုတဲ့ သိမ်ငယ်မှုဖြစ် အကောင်းဆုံး ကင်မရာဆိုတာ သင် အိမ်မှာကျန်ခဲ့တဲ့ ကင်မရာ - အပြင်ကို ဓာတ်ပုံထွက်ရိုက်တဲ့အခါ ပါသွားတဲ့ ကင်မရာကို ကောင်းကောင်းအသုံးမပြုဘဲ အိမ်မှာကျန်ခဲ့တဲ...

Microsoft ရဲ့ Free Selfie App

Image
Selfie ရိုက်တာ ဝါသနာပါသူများအတွက် Microsoft မှ iOS Selfie App ကို စတင်ဖြန့်ချီလိုက်ပါပြီ။ Apple app store ပေါ်မှာ စတင် download လုပ်ပြီး အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ အဲဒီ app ဟာ Microsoft ရဲ့ latest technology အသုံးပြုပြီး သင့်ရဲ့မျက်နှာကို အကောင်းဆုံး perfect ဖြစ်အောင် ပြုပြင်ပေးမှာဖြစ်ပါတယ်။ Instagram ကဲ့သို့ filters များစွာပါဝင်ပြီး iphone အပြင် iPad နှင့် iPod Touch တို့မှာလည်း ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။

Apple Store များမှ Free 1-Hour Photo Workshop စတင်ပြုလုပ်ပေး

Image
Apple ရဲ့ iPhone ကိုအသုံးပြုပြီး ဓာတ်ပုံရိုက်ကူးနည်း၊ ဗွီဒီယို ရိုက်ကူးနည်းနှင့် ရိုက်ပြီးသားဓာတ်ပုံများကို Mac အသုံးပြုပြီး ပြုပြင်နည်းတို့ကို Apple Store များမှ တစ်နာရီကြာခန့် workshop ပြုလုပ်ပြီး free သင်ကြားပြသပေးမှာဖြစ်ပါတယ်။ January 2016 မှာ စတင်မှာဖြစ်ပြီး စိတ်ပါဝင်စားသူများအနေဖြင့် မိမိတို့ရဲ့နီးစပ်ရာ store ဒါမှမဟုတ် website မှတဆင့် register လုပ်ပြီးတက်ရောက်နိုင်မှာဖြစ်ပါတယ်။

သတို့သမီးတို့အတွက် ဒ်ါလာ ၅၀၀ တန် Selfie Stick

Image
မင်္ဂလာပွဲမှာ သတို့သမီးအသုံးပြုနိုင်တဲ့ ဈေးကြီးတဲ့ selfie stick ပါ။ မိမိရဲ့ မင်္ဂလာပွဲမှာ အများသူငါငေးရအောင် style ကျကျလေး ရှိုးထုတ်ဖို့အတွက်လည်း အထူးသင့်တော်ပါတယ်။ Selfie stick fashion ကို video ရဲ့ 13.39 မှာကြည့်နိုင်ပါတယ်။ New York မှ နာမည်ကြီး fashion ပစ္စည်းတွေထုတ်လုပ်တဲ့ company တစ်ခုဖြစ်တဲ့ Reem Acra မှထုတ်လုပ်ပြီး stick ပေါ်မှာ နာမည်ကြီး Swarvoski crystals များဖြင့် စီခြယ်ပြုလုပ်ထားပါတယ်။ Selfie stick အပြင် အခြားတွဲဖက်အသုံးပြုနိုင်တဲ့ headphone ကိုပါထုတ်လုပ်ထားပါတယ်။

BlackBerry ရဲ့ပထမဆုံး Android Phone - PRIV

Image
ယူကေမှာနေထိုင်သူတွေအတွက်  BlackBerry ရဲ့ Android Phone အသစ်ဖြစ်တဲ့ Priv ကို စတင်ပြီး preorder လုပ်လို့ရနေပါပြီ။ အသစ်ထွက်ရှိလာတဲ့ဖုန်းမှာ Keyboard အနေနဲ့ အရင်ဖုန်းတွေလောက် လူကြိုက်မများလှဘူးလို့ခန့်မှန်းရပါတယ်။ BlackBerry ရဲ့ CEO ဖြစ်သူတောင်မှ သုံးရတာနည်းနည်းခက်ခဲ တာတွေ့ရပါတယ်။ Smartphone ရဲ့ features တွေကတော့  5.4-inch QHD display Snapdragon 808 chip 3410 mAh battery 3 GB of RAM 3 GB of expandable storage အခြား powerful ဖြစ်တဲ့ competitor တွေဖြစ်တဲ့ Samsung Galaxy S6, OnePlus 2 နှင့် Sony Xperial Z2  တို့နှင့် ယှဉ်လျင်ဘယ်သူက ပိုပြီးအားသာတယ်ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

Social media တွင် အချိုးကျကျ ဓာတ်ပုံများကိုဖန်တီးနိုင်မည့် Pablo

Image
Facebook, Twitter နှင့် Pinterest မှာတင်မည့် အဆင်သင့်ဓာတ်ပုံ အရွယ်အစားကို အတိအကျဖန်တီးရယူနိုင်မည့် Pablo Web App ကို Buffer မှထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။ ကျွန်တော်တို့တွေ နေ့စဉ်နှင့်အမျှဓာတ်ပုံတွေကို social media တွေမှာတင်နေကြပါတယ်။ ဒါပေမဲ့ သူ့ဓာတ်ပုံဆိုဒ်အတိုင်းမတင်ရင် ဓာတ်ပုံတွေဟာ သိပ်ပြီးကြည့်ရတာအဆင်ပြေမှာမဟုတ်ပါဘူး။ ဥပမာ .. Pinterest and Google မှာတင်မယ်ဆိုရင် ဒေါင်လိုက်ပုံတွေဟာ ပိုပြီးအဆင်ပြေပြီး ကြည့်ကောင်းပါတယ်။ အဲလိုပဲ ဒေါင်လိုက်ပုံတွေကို Twitter and Facebook မှာတင်မယ်ဆိုရင် ကြည့်ကောင်းမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ Twitter and Facebook မှာ horizontal ပုံတွေကို ပိုပြီးဦးစားပေးလို့ပဲဖြစ်ပါတယ်။ နောက်ပြီး instagram ဆိုရင် square size ပဲလက်ခံတာပါ။ ဒါပေမဲ့အခုတော့ square အပြင် အခြား size တွေကိုပါတင်နိုင်အောင် update လုပ်လိုက်ပါပြီ။ မိမိတင်ချင်တဲ့ပုံကို Pablo မှာ upload လုပ်ပြီး စာရေးသား ဒါမှမဟုတ် logo ထပ်ထည့်ပြီး social media campaign တွေအတွက် အသုံးဝင်မည့် ပုံတွေဖန်တီးပြုလုပ်ပြီး download ပြုလုပ်နိုင်သလို social media...

Web, Chrome နှင့် Windows 10 တို့အတွက် Polarr Photo Editor 3 အသစ်ထွက်ရှိ

Image
ကွန်ပျူတာထဲမှာ install လုပ်စရာမလိုဘဲ web browser ကနေ တခါတည်း ဓာတ်ပုံတွေပြင်နိုင် ကာလာချိန်နိုင်တဲ့ အကောင်းဆုံး web application တစ်ခုဖြစ်တဲ့ Polarr ဟာ version 3 ထွက်ရှိလာပြန်ပါပြီ။ ပြီးခဲ့သည့် ဖေဖော်ဝါရီလမှာ version 2 ထုတ်လုပ်ခဲ့ပြီး June လရောက်မှာတော့ Apple ရဲ့ iOS store ပေါ်မှာ popular အဖြစ်ဆုံး photo editing app အဖြစ်ရပ်တည်ခဲ့ပါတယ်။ အခုနောက်ဆုံး version ကိုတော့ Chrome နှင့် Windows 10 Desktop တွေပေါ်မှာပါ အသုံးပြုနိုင်အောင် ချဲ့ထွင်ဖန်တီးထားပါတယ်။ ကြိုတင်စီမံထားသည့် ဓာတ်ပုံအထူးပြုလုပ်ချက် (preset filters) ပေါင်း ၅၀ ကျော်အပြင် ဓာတ်ပုံများစွာကိုတစ်ခါတည်း ပြုပြင်နိုင်ခြင်း၊ မြူနှင်းဖယ်ရှားမှု့ ပြုလုပ်နိုင်ခြင်း (dehaze tools)၊ ပုံများကို လိုသလို ဓာတ်ပုံအရွယ်အစားလိုက် ဖြတ်တောက်ယူနိုင်ခြင်း၊ အတိမ်းအစောင်းပြုလုပ်နိုင်ခြင်း၊ keyboard shortcuts နှင့် ရေစာထည့်သွင်းနိုင်ခြင်း၊ ပိုမိုတိုးတက်လာသည့်  noise ဖယ်ရှားမှု့စနစ် နှင့် Vignetting စသည့် စိတ်ဝင်စားဖွယ်ရာ function ပေါင်းများစွာပါဝင်ပါတယ်။ ဒီ application ဟာ Wi...