Posts

Showing posts with the label Photography

Selfitis, the obsessive taking of selfies, may be a real mental disorder

Image
A viral  article  published in 2014 claimed that the American Psychiatric Association had established a new mental disorder called "selfitis" -- that is, the obsessive taking of selfies. That article, though fake, inspired a real exploratory study to determine whether a condition like the one described in the article  could  exist...and, the research shows, it very well may. Of note, the fake viral article had claimed that selfitis existed across three levels of severity: borderline, acute, and chronic. To determine whether that could be true, researchers Mark D. Griffiths and Janarthanan Balakrishnan conducted interviews with a focus group of 225 Indian university students to attempt to create what they called the Selfitis Behavior Scale (SBS) based on those three severities. Having created the SBS, and as explained in  the recently published study , the researchers then attempted to validate it using exploratory factor analysis (EFA). For this, t...

ဓာတ်ပုံရိုက်သူအချင်းချင်းပဲ နားလည်နိုင်မည့် ဒုက္ခများ

Image
Hong Kong မှာရှိတဲ့ DigitalRev ကင်မရာဆိုင်ကနေ ဟာသသဘောပြုလုပ်ထားတဲ့ ဓာတ်ပုံရိုက်သူအချင်းချင်းပဲ နားလည်နိုင်မည့် ဒုက္ခအထွေထွေကို အောက်က video မှာကြည့်ရှူ့ခံစားကြည့်ပါ။ ဒါပေမဲ့ ဓာတ်ပုံကို DSLR သို့မဟုတ် mirrorless camera တွေနဲ့ တစ်နှစ်လောက်အနည်းဆုံးရိုက်ဖူးမှ ပိုပြီးနားလည်မယ်ထင်ပါတယ် (ကျွန်တော့်အမြင်သက်သက်) အလုပ်ရဲ့ကျွန် - အပြင်မှာ ဓာတ်ပုံရိုက်ဖို့ ရာသီဥတုကောင်းချိန် ရုံးထဲမှာ အလုပ်များနှင့် ပိတ်မိနေ ကင်မရာပေါင်း များစွာ ဒါပေမဲ့ ပိုက်ဆံမလောက် - ကင်မရာအသစ်လိုချင်နေတယ် ဒါပေမဲ့ အဲဒါအတွက် သုံးမည့်ပိုက်ဆံက holiday တစ်ခုကောင်းကောင်းသွားလို့ရတယ်ဆိုတာ သဘောပေါက်နေ ရွေးခြယ်စရာတွေများနေ - ပိုက်ဆံရှိပြီး ဝယ်မယ်ဆိုတော့လည်း ရွေးခြယ်စရာပစ္စည်းတွေကများနေ အားကျတယ် နောက် စိတ်ဓာတ်ပါကျ - သူများရိုက်ထားတဲ့ ဆုရတဲ့ပုံတွေကြည့်ပြီး အားကျမှုဖြစ် ဒါပေမဲ့ တစ်ဆက်တည်းမှာပဲ ငါ အဲလောက်ဖြစ်လာမှာမဟုတ်ဘဲ ဘာလို့ ဆက်ရိုက်နေတာလဲဆိုတဲ့ သိမ်ငယ်မှုဖြစ် အကောင်းဆုံး ကင်မရာဆိုတာ သင် အိမ်မှာကျန်ခဲ့တဲ့ ကင်မရာ - အပြင်ကို ဓာတ်ပုံထွက်ရိုက်တဲ့အခါ ပါသွားတဲ့ ကင်မရာကို ကောင်းကောင်းအသုံးမပြုဘဲ အိမ်မှာကျန်ခဲ့တဲ...

Apple Store များမှ Free 1-Hour Photo Workshop စတင်ပြုလုပ်ပေး

Image
Apple ရဲ့ iPhone ကိုအသုံးပြုပြီး ဓာတ်ပုံရိုက်ကူးနည်း၊ ဗွီဒီယို ရိုက်ကူးနည်းနှင့် ရိုက်ပြီးသားဓာတ်ပုံများကို Mac အသုံးပြုပြီး ပြုပြင်နည်းတို့ကို Apple Store များမှ တစ်နာရီကြာခန့် workshop ပြုလုပ်ပြီး free သင်ကြားပြသပေးမှာဖြစ်ပါတယ်။ January 2016 မှာ စတင်မှာဖြစ်ပြီး စိတ်ပါဝင်စားသူများအနေဖြင့် မိမိတို့ရဲ့နီးစပ်ရာ store ဒါမှမဟုတ် website မှတဆင့် register လုပ်ပြီးတက်ရောက်နိုင်မှာဖြစ်ပါတယ်။

သတို့သမီးတို့အတွက် ဒ်ါလာ ၅၀၀ တန် Selfie Stick

Image
မင်္ဂလာပွဲမှာ သတို့သမီးအသုံးပြုနိုင်တဲ့ ဈေးကြီးတဲ့ selfie stick ပါ။ မိမိရဲ့ မင်္ဂလာပွဲမှာ အများသူငါငေးရအောင် style ကျကျလေး ရှိုးထုတ်ဖို့အတွက်လည်း အထူးသင့်တော်ပါတယ်။ Selfie stick fashion ကို video ရဲ့ 13.39 မှာကြည့်နိုင်ပါတယ်။ New York မှ နာမည်ကြီး fashion ပစ္စည်းတွေထုတ်လုပ်တဲ့ company တစ်ခုဖြစ်တဲ့ Reem Acra မှထုတ်လုပ်ပြီး stick ပေါ်မှာ နာမည်ကြီး Swarvoski crystals များဖြင့် စီခြယ်ပြုလုပ်ထားပါတယ်။ Selfie stick အပြင် အခြားတွဲဖက်အသုံးပြုနိုင်တဲ့ headphone ကိုပါထုတ်လုပ်ထားပါတယ်။

Web, Chrome နှင့် Windows 10 တို့အတွက် Polarr Photo Editor 3 အသစ်ထွက်ရှိ

Image
ကွန်ပျူတာထဲမှာ install လုပ်စရာမလိုဘဲ web browser ကနေ တခါတည်း ဓာတ်ပုံတွေပြင်နိုင် ကာလာချိန်နိုင်တဲ့ အကောင်းဆုံး web application တစ်ခုဖြစ်တဲ့ Polarr ဟာ version 3 ထွက်ရှိလာပြန်ပါပြီ။ ပြီးခဲ့သည့် ဖေဖော်ဝါရီလမှာ version 2 ထုတ်လုပ်ခဲ့ပြီး June လရောက်မှာတော့ Apple ရဲ့ iOS store ပေါ်မှာ popular အဖြစ်ဆုံး photo editing app အဖြစ်ရပ်တည်ခဲ့ပါတယ်။ အခုနောက်ဆုံး version ကိုတော့ Chrome နှင့် Windows 10 Desktop တွေပေါ်မှာပါ အသုံးပြုနိုင်အောင် ချဲ့ထွင်ဖန်တီးထားပါတယ်။ ကြိုတင်စီမံထားသည့် ဓာတ်ပုံအထူးပြုလုပ်ချက် (preset filters) ပေါင်း ၅၀ ကျော်အပြင် ဓာတ်ပုံများစွာကိုတစ်ခါတည်း ပြုပြင်နိုင်ခြင်း၊ မြူနှင်းဖယ်ရှားမှု့ ပြုလုပ်နိုင်ခြင်း (dehaze tools)၊ ပုံများကို လိုသလို ဓာတ်ပုံအရွယ်အစားလိုက် ဖြတ်တောက်ယူနိုင်ခြင်း၊ အတိမ်းအစောင်းပြုလုပ်နိုင်ခြင်း၊ keyboard shortcuts နှင့် ရေစာထည့်သွင်းနိုင်ခြင်း၊ ပိုမိုတိုးတက်လာသည့်  noise ဖယ်ရှားမှု့စနစ် နှင့် Vignetting စသည့် စိတ်ဝင်စားဖွယ်ရာ function ပေါင်းများစွာပါဝင်ပါတယ်။ ဒီ application ဟာ Wi...

Lexar မှ 128GB ပမာဏသိမ်းဆည်းနိုင်သော SDHC Memory Card

Image
ယခုခေတ် megapixel များပြားလှသော ကင်မရာများအတွက် Lexar, Sandisk စသည့် company များမှလည်း ဓာတ်ပုံပမာဏမြောက်များစွာ သိမ်းဆည်းထားနိုင်သော memory card များကို ထုတ်လုပ်ပေးနေပါတယ်။ ယခု card ကတော့ 4K, 3D နှင့် Full HD video များ သိမ်းဆည်းအသုံးပြုနိုင်ဖို့အတွက် အဓိကရည်ရွယ်ပြီး ထုတ်လုပ်တာဖြစ်ပါတယ်။ သိမ်းဆည်းထားနိုင်မည့် speed ကတော့ 300MB/second (reads) နှင့် 260MB/second (writes) တို့ပဲဖြစ်ပါတယ်။ အပိုပစ္စည်းအနေဖြင့် card reader ကိုပါထည့်သွင်းရောင်းချပေးသွားမှာဖြစ်ပါတယ်။ ဈေးကတော့ $289.99 ဝန်းကျင်ဖြစ်ပြီး အခြား 32GB, 64GB version တို့ကိုလည်း ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

Sony RX1R II ထွက်ပြီ

Image
42.4mp နှင့် low-pass filter on/off ပြုလုပ်နိုင်သော Sony ရဲ့ ဒုတိယမြောက် Compact Size Full Frame Camera - ISO ကို 100-25600 (expandable to 50-102400) ထိ မြှင့်တင်ပေးနိုင်ပါတယ်။ ဒီအတိုင်းဆိုရင် fill flash လိုချိန်ကလွဲလို့ ကျန်တဲ့အချိန်တွေမှာ flash သုံးဖို့တောင်လိုမယ်မထင်တော့ဘူး။ အရင် version ထက် 3.5 ဆ ပိုပြီးမြန်ဆန်စွာ အလုပ်လုပ်ဆောင်နိုင်တယ်လို့ သိရပါတယ်။   35mm f/2 Zeiss Sonnar T* lens ပါဝင်ပြီး camera body နှင့် တွဲလျက်ပြီးသားဖြစ်သည့်အတွက် lens ပြောင်းလဲမှုပြုလုပ်လို့မရနိုင်ပါ။ f/2 lens ဖြစ်တာကြောင့် အလင်းနည်းတဲ့ အချိန်အခါမျိုးတွေမှာ ကောင်းကောင်းရိုက်ကူးနိုင်ပါတယ်။ Lens မှာ macro ရိုက်ဖို့အတွက် shift ring ပါဝင်ပြီး 14cm အထိ subject နှင့် အနီးကပ်ရိုက်နိုင်ပါတယ်။ Flash sync speed ကိုတော့ 1/2000s အထိမြှင့်တင်ပေးထားပါတယ်။  ကင်မရာရဲ့ဘယ်ဘက်ထိပ်နားမှာ 2.4 million dot XGA OLDED electronic viewfinder ပါဝင်ပြီး အဖွင့်အပိတ်ကိုလည်း အလွယ်တကူပြုလုပ်နိုင်အောင် စီစဉ်ပေးထားပါတယ်။ အရင် model တုန်းကတော့ viewfinder မပါဝင်ပါဘူး။ ကင်မရာကျောဘက် screen ရဲ့ ဆိုဒ်...

Wildlife Photography 2015 အကောင်းဆုံးဆုရ ဓာတ်ပုံများ

Image
London’s Natural History Museum မှ ယခုနှစ်အတွက် အကောင်းဆုံးဆုရဓာတ်ပုံများကို ထုတ်ပြန်လိုက်ပါတယ်။ ပုံတွေကတော့ အရင်နှစ်တွေကအတိုင်း စိတ်ဝင်စားဖွယ်ရာချည်းပါပဲ။ ဒီနှစ်မှာတော့ နိုင်ငံပေါင်း ၉၆ နိုင်ငံမှ ပြိုင်ပွဲဝင်ပုံပေါင်း ၄၂ဝဝဝ ထဲကနေ အကောင်းဆုံးပုံတွေကို ရွေးခြယ်ပြီး ဆုပေးတာဖြစ်ပါတယ်။ Tale of two foxes by Don Gutoski The winner of the Amphibians and Reptiles by Edwin Giesbers The art of algae by Pere Soler A whale of a mouthful by Michael AW Flight of the scarlet ibis by Jonathan Jagot Urban category winner - Richard Peters အခြားသော ဆုရသူတွေနဲ့ runners up ပုံတွေကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ လန်ဒန်မှာနေတဲ့သူတွေအတွက် အောက်တိုဘာ ၁၆ ရက်ကနေ့စပြီး ကိုယ်တိုင် သွားရောက်ကြည့်ရှူ့နိုင်မှာဖြစ်ပါတယ်။