ဓာတ်ပုံရိုက်သူအချင်းချင်းပဲ နားလည်နိုင်မည့် ဒုက္ခများ
Hong Kong မှာရှိတဲ့ DigitalRev ကင်မရာဆိုင်ကနေ ဟာသသဘောပြုလုပ်ထားတဲ့ ဓာတ်ပုံရိုက်သူအချင်းချင်းပဲ နားလည်နိုင်မည့် ဒုက္ခအထွေထွေကို အောက်က video မှာကြည့်ရှူ့ခံစားကြည့်ပါ။ ဒါပေမဲ့ ဓာတ်ပုံကို DSLR သို့မဟုတ် mirrorless camera တွေနဲ့ တစ်နှစ်လောက်အနည်းဆုံးရိုက်ဖူးမှ ပိုပြီးနားလည်မယ်ထင်ပါတယ် (ကျွန်တော့်အမြင်သက်သက်) အလုပ်ရဲ့ကျွန် - အပြင်မှာ ဓာတ်ပုံရိုက်ဖို့ ရာသီဥတုကောင်းချိန် ရုံးထဲမှာ အလုပ်များနှင့် ပိတ်မိနေ ကင်မရာပေါင်း များစွာ ဒါပေမဲ့ ပိုက်ဆံမလောက် - ကင်မရာအသစ်လိုချင်နေတယ် ဒါပေမဲ့ အဲဒါအတွက် သုံးမည့်ပိုက်ဆံက holiday တစ်ခုကောင်းကောင်းသွားလို့ရတယ်ဆိုတာ သဘောပေါက်နေ ရွေးခြယ်စရာတွေများနေ - ပိုက်ဆံရှိပြီး ဝယ်မယ်ဆိုတော့လည်း ရွေးခြယ်စရာပစ္စည်းတွေကများနေ အားကျတယ် နောက် စိတ်ဓာတ်ပါကျ - သူများရိုက်ထားတဲ့ ဆုရတဲ့ပုံတွေကြည့်ပြီး အားကျမှုဖြစ် ဒါပေမဲ့ တစ်ဆက်တည်းမှာပဲ ငါ အဲလောက်ဖြစ်လာမှာမဟုတ်ဘဲ ဘာလို့ ဆက်ရိုက်နေတာလဲဆိုတဲ့ သိမ်ငယ်မှုဖြစ် အကောင်းဆုံး ကင်မရာဆိုတာ သင် အိမ်မှာကျန်ခဲ့တဲ့ ကင်မရာ - အပြင်ကို ဓာတ်ပုံထွက်ရိုက်တဲ့အခါ ပါသွားတဲ့ ကင်မရာကို ကောင်းကောင်းအသုံးမပြုဘဲ အိမ်မှာကျန်ခဲ့တဲ...